အမှိုက်ပစ်မယ်

ယခင်ကကျောင်းတွေမှာ မှင်နီတားတယ်ဆိုတာရှိခဲ့ဖူးတယ်လို့ အကို၊အမတွေပြောပြလို့ သိခွင့်ရခဲ့တယ်။ မှင်နီတားခံရသည့် ကျောင်းသား/သူသည် ကျောင်းမှထုတ်ပယ်ခဲ့သည့်အခါ ကျောင်းအုပ်ကြီးမှ ကျောင်းထွက်လက်မှတ်တွင် မှင်နီတားလိုက်ပါက ၎င်းကျောင်းသား/သူသည် မြန်မာနိုင်ငံရှိမည်သည့်ကျောင်းကိုမှ ကျောင်းအပ်နှံခြင်း နှင့် ပညာသင်ကြားခွင့် တစ်သက်လုံးဆုံးရှုံး ရသည်ဟု မှတ်သားခဲ့ရပါသည်။ 2021ခုနှစ် Feb 1 အကြမ်းဖက်စစ်တပ် မတရားအာဏာသိမ်းပြီးချိန်မှ စတင်၍ ပြည်သူများကို ဒုက္ခပေး၊ အကြမ်းဖက် အာဏာရူးစစ်တပ်ကို ထောက်ခံအားပေးတဲ့ မည်သူမဆို ဒီမိုကရေစီ ပြည်သူအစိုးရ လက်ထပ်တွင် မင်နီတားနိုင်ရန် အမှိုက်ကောက်ကြမယ် အစီအစဉ်တွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်။

ကျွန်‌တော်တို့လူငယ်တွေ မိမိနေထိုင်ရာဒေသ လမ်းတိုင်း၊ ရပ်ကွက်တိုင်းရှိ အမှိုက် များကို စနစ်တကျကောက်ကြမယ်။ ပြည်သူအစိုးရ ပြန်လည်အာဏာရတဲ့ အချိန်မှာ လမ်းတိုင်း၊ ရပ်ကွက်တိုင်း အေးချမ်းသာယာဖို့ ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်ပတ်ဝန်းကျင်က အမှိုက်ကို ကိုယ်က ယခုကတည်းက မကောက်ထားခဲ့လျှင် စဉ်းစားကြည့်ပါ။ ယခုကတည်းက အမှိုက်တွေကြောင့်အားလုံး ဒုက္ခရောက်နေရပြီး နောင်တစ်ချိန် ပတ်ဝန်းကျင်ရှိ ပြည်သူအားလုံးကို ပို၍ပြန်လည် ဒုက္ခများစွာထပ်ပေးပါလိမ့်မယ်။

ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။

  • အမှိုက် ဆိုတာဘာလဲ။

    🅰️ 2021ခုနှစ် Feb 1 အကြမ်းဖက်စစ်တပ် မတရားအာဏာသိမ်းပြီးချိန်မှ စတင်၍ ပြည်သူများကို ဒုက္ခပေး၊ အကြမ်းဖက် အာဏာရူးစစ်တပ်ကို ထောက်ခံအားပေးတဲ့ မည်သူမဆို အမှိုက်ဖြစ်သည်။ အကြမ်းဖက် မဒိန်းစစ်တပ် မတရားအာဏာသိမ်း အာဏာသိမ်းခဲ့သည်ကို သိလျက် CDM မပြုလုပ်ဘဲ စစ်အာဏာတည်မြဲရန် အလုပ်လုပ်ပေးခဲ့သော ဝန်ထမ်းများအားလုံးသည်လည်း အမှိုက်များဖြစ်ကြသည်။

  • အမှိုက်ကောက်ပြီး ဘာလုပ်မှာလဲ။

    🅰️ ပြည်သူအစိုးရ လက်ထပ်တွင် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်၊ လမ်းတိုင်းတွင် အေးချမ်းသာယာရေး နှင့် တရားဉပဒေစိုးမိုးရေးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍဖြစ်သည့်အတွက်ကြောင့် ပြည်သူဒုက္ခပေး၊ အကြမ်းဖက် စစ်အာဏာရူးများရဲ့ ဒေါက်တိုင်များသည် ပြည်သူအာဏာပြန်လည် ရရှိသည့်အခါ ၎င်းအမှိုက်များက ရပ်ကွက်အေးချမ်းသာယာရေးကို ထိပါးနှောက်ရှက် မည့်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးကို ယခုအချိန်မှ စတင်၍ ကျွန်တော်တို့လူငယ်များမှ စတင်ကာ စနစ်တကျစာရင်းပြုစု အမှန်တကယ်လိုအပ်နေပါသည်။

  • အမှိုက်တွေကို ဘယ်လိုအမျိုးအစားခွဲထားလဲ

    🅰️ – အောက်ဖော်ပြပါအတိုင်း ခွဲခြားထားပါသည်။

    အကြမ်းဖက် အာဏာရူးစစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများ

    👉 ဒလန်

    👉 အကြမ်းဖက်များအား သတင်းပေး

    👉 စစ်သား ( Non CDM)

    👉 ရဲ ( Non CDM )

    👉 ဝန်ထမ်း ( Non CDM)

    👉 အကြမ်းဖက် ထောက်ခံအားပေး

    👉 ရပ်ကွက် အုပ်ချုပ်ရေးမှုး

    👉 လမ်းမှုး

    👉 လူမှုရေးဟန်ပြလုပ်သူ

    👉 ပျူစောထီး

    👉 မဘသ (အမျိုးသားရေး အစွန်းရောက်)

  • ဘယ်လို စာရင်းသွင်းရမလဲ။

    🅰️ အမှိုက်ပုံးရဲ့ တရားဝင်စာရင်းပြုစုနေသော အောက်ဖော်ပြပါ လင့်မှ တဆင့် ဝင်ရောက်ဖြည့်စွက် သတင်းပေးရမှာပါ။ အချိန် ၁ မိနစ်ဘဲ လိုပါတယ်။

    အမှိုက်ပစ်မယ်

  • အမှိုက်ကို သတင်းပေးသူအတွက် အန္တရာယ်ရှိနိုင်လား။

    🅰️ ကျွန်တော်တို့လူငယ်တွေ စုစည်းကောက်နေတဲ့ အမှိုက် များရဲ့ စာရင်းအားဖြည့်သွင်း သတင်းပေးလာသူရဲ့ ကိုယ်ရေးအချက်အလက် များလုံးဝ မှတ်တမ်းမတင်ထားပါ။

  • အမှိုက်ကို ဘယ်လိုရှာရမလဲ။

    🅰️ ကိုယ့်ပတ်ဝန်းကျင် (သို့) ကိုယ့်အိမ် ဘေးက ကိုယ်သိတဲ့ လူက အကြမ်းဖက် စစ်အုပ်စု အာဏာတည်မြဲရန် ထောက်ခံ၊ အားပေးနေရင်ချက်ချင်းစာရင်းသွင်းပါ။

  • လူတစ်ယောက်တည်းကို တိုင်ကြားလာသူတွေ အများကြီးဖြစ်နေရင် ရှုပ်ကုန်မှာပေါ့။

    🅰️ ပိုတောင်ကောင်းသေးတယ်။ လူအများကြီးက တစ်ယောက်တည်းကို အမှိုက်ပါလို့ သတ်မှတ်နေပြီဆိုရင် အမှိုက်ဆိုတာသေချာနေပြီ။ အမှိုက်ဟု စာရင်းသွင်းလာသူတိုင်းကို ကွန်ပျူတာဖြင့် နာမည်တူ၊ လမ်းတူ၊ ရပ်ကွက်တူတာတွေချည်းဘဲ သီးသန့်ရွေးထုတ်လိုက်လျှင် ကျွန်တော်တို့ လူငယ်တွေတောင် အချိန်ပေးစုံစမ်းစစ်ဆေးနေဖို့ မလိုတော့ဘူး အရမ်းကို သက်သာပြီပေါ့။ လူအများက အမှိုက်တစ်ခုတည်းကိုကို စာရင်းဝိုင်းပေး မှတ်တမ်းတင်ပေးနေပြီဆိုရင် လုံးဝသေချာနေပြီ ဒီလူက အမှိုက်စစ်စစ်ပါ။

  • စာရင်းပြုစုပြီး သူတို့တွေကို ဘယ်လို အရေးယူမှာလဲ။

    🅰️ လမ်း၊ ရပ်ကွက် တစ်ခုချင်းဆီရဲ့ အမှိုက်များကို သီးသန့် ခွဲထားထုတ်ပြီး အရမ်းအန္တရာယ်ရှိမည့် အမှိုက်ကို ပြည်သူအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ပေးပို့သွားပြီး၊ ကျန် အမှိုက်များကို အမှိုက်ပုံတွင် ဆက်လက်ထားရှိပြီး ရာသက်ပန် အမှိုက်ပုံတွင် စာရင်းသွင်းမှတ်တမ်းတင်ထားပါမည်။

  • အမှိုက်ကောက်ကြမယ် အစီအစဉ်တွင် ပြည်သူအားလုံး ဘာကြောင့်ပါဝင်သင့်တာလဲ။

    🅰️ မြို့နယ်၊ ရပ်ကွက်၊ လမ်းများအားလုံးအေးချမ်းသာယာ၊ လွတ်လပ်ပြီး၊ တရားဉပဒေစိုးမိုးစေချင်ရင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးအတူပူးပေါင်းပါဝင်မှ ရမှာပါ။ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း အမှိုက်ကင်းစင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။

Viber ဖြင့် အမှိုက်ပစ်မယ်။

+66952714213