KNUin Uncategorized KNU ကာကွယ်ရေးဌာနတာဝန်ခံအဖြစ် ဒုဥက္ကဋ္ဌသစ် ပဒိုစောဆဲဂေ တာဝန်ယူမည် KNU ကာကွယ်ရေးဌာနတာဝန်ခံအဖြစ် ဒုဥက္ကဋ္ဌသစ် ပဒိုစောဆဲဂေ တာဝန်ယူမည်မေလ ၅ ရက်ကရင်အမျိုးသားအစည်းအရုံး (KNU) ကာကွယ်ရေးဌာနတာဝန်ခံအဖြစ် ဒုဥက္ကဋ္ဌအသစ် ပဒိုစောဆဲဂေ ကို ခန့်အပ် တာဝန်ပေးအပ်ခဲ့ကြောင်း ယနေ့ (မေလ ၄ ) ညနေတွင် KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။စစ်ဘက်ဆိုင်ရာအရေးကိစ္စရပ်များတွင် အရေးပါသည့် ကာကွယ်ရေးဌာနအကြီးအကဲအဖြစ် ခန့်အပ်ခံရသူ ပဒိုစောဆဲဂေသည် KNU တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌ လည်း ဖြစ်သည်။ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့်နေရာဖြစ်ကာ စစ်ကောင်စီအခြေစိုက်စခန်းများ မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခံနေရသည်။ယခင် ကာကွယ်ရေးဌာနတာဝန်ခံမှာ ပဒိုစောရော်ဂျာခင် ဖြစ်သည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် နှင့် ဒုတိယစစ်ဦးစီးချုပ်နေရာသည် အပြောင်းအလဲ မဖြစ်ဘဲ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၊ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။နိုင်ငံခြားရေးတာဝန်ခံအဖြစ် ပဒိုစောတောနီးက ဆက်လက်ရွေးချယ်ခံရပြီး ပြည်ထဲရေးနှင့်သာသနာရေးဌာနတာဝန်ခံအဖြစ် ပဒိုစောကနဲဖော၊ လမ်းပန်းဆက်သွယ်ရေးဌာန တာဝန်ခံအဖြစ် ပဒိုစောကလယ်ဆေး တို့ ရွေးချယ်ခံရကြောင်း ကရင်အမျိုးသားမီဒီယာတွင် ဖော်ပြထားသည်။KNU (၁၇) ကြိမ်မြောက် ညီလာခံမှ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရေးမှူးချုပ် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ၊ တရားသူကြီးချုပ် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးကောက်တင်မြှောက်ပြီးနောက် ဌာနဆိုင်ရာအကြီးအကဲများကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။KNU တွင် ကာကွယ်ရေး ၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး ၊ တရားရေး၊ သစ်တောရေးရာ စသည့် ဌာနများ အပါအဝင် ဌာနဆိုင်ရာ ၁၄ ခု ရှိသည်။ပုံစာ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌအသစ် ပဒိုစောဆဲဂေ (ဓာတ်ပုံ-KNU)©MNHlaing Info http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png 0 0 Smart Lady http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png Smart Lady2023-05-05 16:34:512023-05-05 16:34:58KNU
Leave a Reply
Want to join the discussion?Feel free to contribute!