Education
အကြမ်းဖက်စစ်အုပ်စုက ၇လတာကာလအတွင်း ဆရာ၊ဆရာမနဲ့ဝန်ထမ်း ၄၈ဦးကို မတရားဖမ်းဆီးထားတယ်လို့ AAPPထုတ်ပြန်
ဩဂုတ်လ ၃ ရက်
အကြမ်းဖက်စစ်အုပ်စုက ၇လတာကာလအတွင်း ဆရာ၊ဆရာမနဲ့ဝန်ထမ်း ၄၈ဦးကို မတရားဖမ်းဆီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက် အလက်တွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနှစ်လတာကာလအတွင်း နိုင်ငံတဝန်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမတွေ အပါအဝင် ဝန်ထမ်း အမျိုးသား (၁၄) ဦးနဲ့ အမျိုးသမီး (၃၄) ဦး စုစုပေါင်း (၄၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တာပါ။
အဲဒီ (၄၈) ဦးအနက် မန္တလေးတိုင်းမှာ (၁၉) ဦးနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားတဲ့ Bright Future Federal School ပညာသင်ကြားနေတဲ့ ကျောင်းသူနှစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးကျော်မင်းဌေး၊ စာသင်ကြားပေးတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းဆရာ ဦးဝေယံမင်းထိုက်နဲ့ ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းတို့ကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ AAPPက အသိပေးဖော်ပြထားပါတယ်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ ရန်ကုန်တိုင်းက ဆရာ၊ဆရာမများ ပုံဟောင်း။
PVTV
Leave a Reply
Want to join the discussion?Feel free to contribute!