ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်
ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)
ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)
အညာသားကြီးအထည်ဆိုင်နဲ့အိမ်ကို စစ်ကောင်စီချိတ်ပိတ်
မန္တလေးက အညာသားကြီးအထည်ဆိုင်မိသားစု ဖမ်းခံရပြီး အိမ်ကိုပါ စစ်ကောင်စီချိတ်ပိတ်
ဧပြီလ ၆ ရက်
မန္တလေးမြို့မှာ လူသိများတဲ့ အညာသားကြီး အထည်ဆိုင်ပိုင်ရှင် မိသားစု ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီး နေအိမ်ကိုလည်းချိတ်ပိတ်လိုက်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
မိသားစု ၃ ဦးကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ဖမ်းဆီးတာဖြစ်ပြီး အောင်မြေသာဇံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်က နေအိမ်ကို မနေ့ ဧပြီလ ၅ ရက် လာရောက်ချိတ်ပိတ်သွားတာပါ။
ဖမ်းခံရသူ ၃ ဦးဟာ အညာသားကြီးအထည်ဆိုင်ပိုင်ရှင် လင်မယားနဲ့သမီးတို့ဖြစ်တယ်လို့ သိရပါတယ်။
အထည်ဆိုင်ပိုင်ရှင် ကိုကောင်းကျော်ဇံ ၊ ဇနီး မမာလာဝေ နဲ့ သမီး မမိုးသီတာထွန်း တို့ကိုဖမ်းဆီးထားတယ်လို့ လည်း စစ်ကောင်စီလော်ဘီ ဖေ့ဘွတ်ခ်တွေမှာဖော်ပြကြတာတွေ့ရပါတယ်။
PDF ကို ငွေကြေးထောက်ပံ့တဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတာလို့လည်း စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေက သတင်းဖြန့်ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာပဲ မန္တလေးမှာ NUG ချိတ်ဆက်ပြီး အွန်လိုင်းကနေ စာသင်လို့ဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာရှိပါတယ်။
©PS
HlaingInfo
Facebook Page / Telegram Channel
ထောင်ဒဏ်တသက်ချခံထားရတဲ့ အမျိုးသမီးသုံးဦး
ဒေါ်အောင်ဆန်းစုကြည်
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၂၂ ရှိလာခဲ့
မတ်လ ၂၄ ရက်
ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တိုu ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ZRAတပ်ဖွဲဝင် တစ်ဦးသေဆုံးခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
မြန်မာ -အိန္ဒိယ နယ်စပ် ချင်းပြည်နယ် တီးတိန်းမြိုနယ်ရှိ CNA တပ်မဟာ(၄)နယ်မြေ၌ မတ်လ ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
” မနေ့က ကျနော်တို တပ်မဟာ(၄) ဂွင်ထဲဝင်လာတဲ့ ZROနဲ့ တိုက်ပွဲဖြစ်တာပေါ့ ။အဲဒီမှာ သူတိုဘက်က တစ်ယောက်ကျပြီးတော့ သုံးလေးယောက်တော့ ဒဏ်ရာရတယ်။ လက်နက် တစ်လက်နဲ့ ကျည်ဆံ တွေရရှိထားတယ်။ ဘာလိုလည်းဆို ZROက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။ အဲဒါကို ချင်းကာကွယ်ရေးတပ်ဖွဲတွေစုစည်းတဲ့ CJDCကနေမှ အကြမ်းဖက် အဖွဲလို ကြေညာထားတာရှိတယ်။ ပေါ်လစီမတူတော့ အဲဒါက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့အဖွဲအစည်းဆိုတော့ တိုက်ခိုက်ဖိုပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။
ZRA အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC) အဖွဲဝင် လက်နက်ကိုင်တပ်များကို တိုက်ခိုက်နေ၍ စစ်ရေးအရဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
©PS
HlaingInfo
မတ်လ ၂၄ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ ကွီလုံတိုင်စခန်းသို ရိက္ခာပိုရန်နှင့် လူနာသယ်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNLA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ကြိမ်၊ မတ်လ (၂၁)ရက်နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် (၁၀)ဦးဝန်းကျင်သေပြီး M-A1 (၃)လက်၊ MA2 (စက်ကလေး) တစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ S.O.F က ယနေ့ မတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနီးရှိကျေးရွာများသို့ထိမှန်ကာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်၏ ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား (၈၀)ခန့်စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲ/နွားများသိမ်းဆည်းခြင်း၊ ရိက္ခာနှင့်ငွေကြေးများဝင်ရောက် သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
©TNA
Hlaing Info