နေ့စဉ် 11:11 AM အချိန်တိုင်း အမေစု၏ ဆိုဆုံးမစကားများ

ဒေါ်အောင်ဆန်းစုကြည် 

ကျွန်မတို့ နိုင်ငံက ဆင်းရဲတယ်။
ဆင်းရဲတဲ့ အခါကျတော့
တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်မှဖြစ်မယ်။
တစ်ယောက်ကိုတစ်ယောက် ကူမှဖြစ်မယ်။
တစ်ယောက်ကိုတစ်ယောက် အကျိုးပြုချင်တဲ့
စိတ်တွေကို မွေးမြူမှဖြစ်မယ်။

တစ်ယောက်ထဲ ကောင်းရင်ပြီးရော
ငါချမ်းသာဖို့ဆိုတဲ့ စိတ်တွေရှိလို့ကတော့
ကျွန်မတို့နိုင်ငံ တိုးတက်မှာမဟုတ်ပါဘူး …။”


          ဒေါ်အောင်ဆန်းစုကြည် 

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို 

 https://www.facebook.com/hlainginfos?mibextid=ZbWKwL     

 https://t.me/infohlaing  

HlaingInfo အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့် 🌹 

Hlaing Info

စစ်အာဏာသိမ်း (၇၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၂ ဦးအထိရှိလာ

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၂၂ ရှိလာခဲ့

စစ်အာဏာသိမ်း (၇၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၂ ဦးအထိရှိလာ

ဧပြီလ ၆ ရက်

AAPP ရဲ့ ဧပြီ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၄)ရက်အတွင်း ပြည်သူ (၃၂၁၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၂၂ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၅) ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား – AAPP
©TLT
Hlaing Info

Facebook Page / Telegram Channel

ချင်းတပ် CNAနှင့် ဇိုမီး ZRA တိုက်ပွဲဖြစ် ZRAတပ် တစ်ဦးသေ၊ လက်နက် တစ်လက်ရဟု CNA ပြော

ဓာတ်ပုံ – CNA ။ ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တက်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

မတ်လ ၂၄ ရက်

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တိုu ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ZRAတပ်ဖွဲဝင် တစ်ဦးသေဆုံးခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မြန်မာ -အိန္ဒိယ နယ်စပ် ချင်းပြည်နယ် တီးတိန်းမြိုနယ်ရှိ CNA တပ်မဟာ(၄)နယ်မြေ၌ မတ်လ ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

” မနေ့က ကျနော်တို တပ်မဟာ(၄) ဂွင်ထဲဝင်လာတဲ့ ZROနဲ့ တိုက်ပွဲဖြစ်တာပေါ့ ။အဲဒီမှာ သူတိုဘက်က တစ်ယောက်ကျပြီးတော့ သုံးလေးယောက်တော့ ဒဏ်ရာရတယ်။ လက်နက် တစ်လက်နဲ့ ကျည်ဆံ တွေရရှိထားတယ်။ ဘာလိုလည်းဆို ZROက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။ အဲဒါကို ချင်းကာကွယ်ရေးတပ်ဖွဲတွေစုစည်းတဲ့ CJDCကနေမှ အကြမ်းဖက် အဖွဲလို ကြေညာထားတာရှိတယ်။ ပေါ်လစီမတူတော့ အဲဒါက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့အဖွဲအစည်းဆိုတော့ တိုက်ခိုက်ဖိုပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ZRA အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC) အဖွဲဝင် လက်နက်ကိုင်တပ်များကို တိုက်ခိုက်နေ၍ စစ်ရေးအရဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

©PS
HlaingInfo

ကွီလုံတိုင်စခန်းကို ရိက္ခာလာပေးသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကြောင်း တိုက်ခံရပြီး ဒုတပ်ရင်းမှူး အပါအဝင် အများအပြားသေကာ လက်နက် (၄)လက်ရ

မတ်လ ၂၄ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ ကွီလုံတိုင်စခန်းသို ရိက္ခာပိုရန်နှင့် လူနာသယ်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNLA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ကြိမ်၊ မတ်လ (၂၁)ရက်နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် (၁၀)ဦးဝန်းကျင်သေပြီး M-A1 (၃)လက်၊ MA2 (စက်ကလေး) တစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ S.O.F က ယနေ့ မတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနီးရှိကျေးရွာများသို့ထိမှန်ကာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား (၈၀)ခန့်စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲ/နွားများသိမ်းဆည်းခြင်း၊ ရိက္ခာနှင့်ငွေကြေးများဝင်ရောက် သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
©TNA
Hlaing Info