Daw Aung San Suu Kyi

UN

နိုင်ကျဉ်းတွေ လွှတ်ပေးတာအားတက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့ ကုလတောင်းဆို

နိုင်ကျဉ်းတွေ လွှတ်ပေးတာအားတက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့ ကုလတောင်းဆို

မေလ ၄ ရက်

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလာတဲ့အပေါ် အားတက်မိပေမယ့် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းထားသူတွေအားလုံးကို ချက်ချင်းလွှတ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ဖို့ ထပ်လောင်း တောင်းဆိုတာကို မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ်ကိုယ်စား သူရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောလိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ ကုလအထူးကိုယ်စားလှယ်နိုလင်းဟေဇာ တရုတ်ကို သွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုရဲ့အကျိုးဆက်လားဆိုတဲ့ မေးခွန်းကို တော့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က မသိရှိကြောင်း ဖြေပါတယ်။

မနေ့က ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ စစ်ကောင်စီဟာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးလိုက်တာပါ။

ဒီလိုလွှတ်ပေးတာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ကိုလာရောက်ခဲ့တဲ့ ခရီးစဉ်အပြီးနဲ့လည်း တိုက်ဆိုင်တာတွေ့ရပါတယ်။
စစ်ကောင်စီက နိုင်ကျဉ်း ၂ ထောင်ကျော်ကို လွှတ်ပေးတယ်ဆိုပေမယ့် မနေ့ညနေ ၅ နာရီအထိ ၁၂၇၇ ဦးကို ပဲအရေအတွက်အတည်ပြုနိုင်သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကဆိုထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်
ဓာတ်ပုံ − UN
©LNO
Hlaing Info

Thanintharyi

တနင်္သာရီစစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာအကူအညီလိုအပ်နေ

တနင်္သာရီစစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာအကူအညီလိုအပ်နေ

မေလ ၄ ရက်

မိုးတွင်းကာလကျရောက်တော့မှာ ဖြစ်တာကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထွက်ပြေးတိမ်း ရှောင်နေရတဲ့  စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေါန-တနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင် စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတာပါ။စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်း မိုးထားတဲ့ယာယီတဲတွေရဲ့ အမိုးအကာတွေ ဟောင်း နွမ်းပျက်စီးလာတာကြောင့် မကြာမီကျရောက်တော့မယ့် မိုးတွင်းကာလအတွက် နေရာထိုင်ခင်း အ ခက်အခဲ ဖြစ်နေကြပါတယ်။
ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့တာဝန်ရှိသူကတော့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေကြတဲ့ စစ်ရှောင်တွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် ပြည်သူတွေအ နေနဲ့ တတ်နိုင်ဘက်က ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းတာပါ။ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
တနင်္သာရီစစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တာကြောင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်တာထက် မိမိအစီစဉ်နဲ့တောတောင်ဥယျာဉ်ခြံတွေထဲမှာနေထိုင်တဲ့ စစ်ရှောင်ဦးရေပိုများတယ်လို့ သိရပါတယ်။တနင်္သာရီတိုင်းဒေသကြီးမှာတော့ ထားဝယ်၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီမြို့နယ်တွေထဲမှာ စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော် ကျန်ရှိနေသေးပြီး ပုလောမြို့နယ်ထဲမှာ စစ်ဘေးရှောင်အများဆုံးရှိနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ -Social Media
©TLT
▪️Hlaing Info

https://t.me/infohlaing

U Nay Myo Zin

Appeal to international friends

နိုင်ငံတကာ မိတ်ဆွေများသို့ ပန်ကြားချက်
Appeal to international friends

credit to Nay Myo Zin

▪️ HlaingInfo

Daw Aung San Suu Kyi

နိုင်ငံရေးဆိုတာ

” နိုင်ငံရေးဆိုတာ ”တိုင်းပြည်မှာ လွတ်လပ်မှုရချင်ရင် လူ့အခွင့်အရေးများ ပြည့်ပြည့်စုံစုံ ခံစားချင်လို့ရှိရင် လူတိုင်းလူတိုင်းဟာ နိုင်ငံရေးကို ဝါသနာပါရမယ်…။ တချို့က နိုင်ငံရေးဆိုတာဟာ နိုင်ငံရေးပါတီတွေ လုပ်တဲ့ အလုပ်လို့ထင်ကြတယ်…။ မဟုတ်ပါဘူး…။တခါတုန်းက ဖေဖေပြောပါတယ်…။နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူး ထင်ပေမယ့် နိုင်ငံရေးဟာ ကိုယ့်ဆီ ရောက်လာလိမ့်မယ်။ဒါကို ရှောင်လို့မရဘူး။ဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ကိစ္စမှန်သမျှဟာ နိုင်ငံရေးပဲ။
▫️ဒေါ်အောင်ဆန်းစုကြည် 

▪️ HlaingInfo

U Min Ko Naing

နွေဦး

အချိန်တန်တော့လည်း
နွေဦးဟာ-ယုံကြည်သူ မယုံကြည်သူအားလုံးထံမှောက်
သစ္စာမပျက် ရောက်ရှိလာချေပြီ။

မင်းကိုနိုင်

HlaingInfo

Daw Aung San Suu Kyi

မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ

လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 

HlaingInfo

Labour Alliance – CTUM (Sc Strike)

“လုပ်သားထုရဲ့ သွေးစည်းသံ တချီတည်းရုန်းပြီး အောင်ပွဲခံ”

ရန်ကုန်တွင် “လုပ်သားထုရဲ့ သွေးစည်းသံ တချီတည်းရုန်းပြီး အောင်ပွဲခံ” စာတန်း ချိတ်ဆွဲ

မေလ ၁ ရက်

ရန်ကုန်မြို့တွင် Labour Alliance အဖွဲ့ဝင် CTUM မှ ဦးဆောင်ကာ ရေဘဝဲ (ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း (Sc Strike) တို့မှ ပူးပေါင်းပြီး မေဒေးနေ့အဖြစ် ယနေ့ မေလ ၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

©KTM
Hlaing Info

Facebook / Telegram Channel

Daw Aung San Suu Kyi

အမေစု၏ ဆိုဆုံးမစကားမျာ

ကိုယ့်တန်ဖိုးကို
ကိုယ်ယုံကြည်နိုင်အောင်လို့
နေသွားကြပြီ ဆိုလို့ရှိရင်
အချင်းချင်း
တကယ့်ကို ညီညွတ်မှု ရပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို HlaingInfo အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။  


Hlaing Info

Facebook Page / Telegram Channel

“ပြည်သူသာ အမိ၊ အဖ ထမင်းကျွေးတဲ့
လက်ကို မကိုက်ရ”

ကြံခင်းမြို့နယ်တွင် “ပြည်သူသာ အမိ၊ အဖ ထမင်းကျွေးတဲ့
လက်ကို မကိုက်ရ”စာတန်းကိုင်စွဲ ဆန္ဒပြ

ကြံခင်းမြို့နယ်တွင် “ပြည်သူသာ အမိ၊ အဖ ထမင်းကျွေးတဲ့
လက်ကို မကိုက်ရ”စာတန်းကိုင်စွဲ ဆန္ဒပြ

ဧပြီလ ၂၀ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ
၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့ဝင်များမှ “ပြည်သူသာ အမိ၊အဖ ထမင်းကျွေးတဲ့လက်ကို မကိုက်ရ ” စာသား ပါ ဘန်နာ(ဗီနိုင်း)အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၅၇) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။

©Miz
HlaingInfo

Facebook Page / Telegram Channel