လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ… ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..

အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာကို မတရားရယူ အချောင်ပိုင်ဆိုင်ထားသော သူတို့ကို ဖောက်ပြန်စေပြီး။

ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေက ဘောလုံးပွဲဆိုရင် သိပ်ပြီး ဝါသနာပါကြတယ်၊၊

‘“နိုင်ငံရေးဆိုတာ အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စပါ”

Yinmabin Township, Sagaing Division

ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ချီတက် ဆန္ဒပြ

မေလ ၈ ရက် ၊ ၂၀၂၃

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့တွင် တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

©KTM
Hlaing Info

Telegram channel

YINMABIN Township , Sagaing Division

ယင်းမာပင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးမြောက် ခြမ်း သပိတ်အင်အားစု ချီတက် သပိတ်မှောက်

မေလ ၈ ရက် ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၈ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

နယ်မြေဒေသ မတည်ငြိမ်သည့် ကြားကနေ နေ့စဉ်မပျက် ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်နေသော ယင်းမာပင်မြို့နယ် မြောက်ခြမ်း  သပိတ်အင်အားစု က အင်အားအပြည့်ဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ချီတက် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

©KTM
Hlaing Info

Telegram Channel

Khin U Township, Sagain Region

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်း(၂)ကြောင်း အကြမ်းဖက် ထိုးစစ် ဆင်နေမှုကြောင့် ဒေသခံ (၇၀၀၀)ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရ

မေလ ၈ ရက် ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်း (၂) ကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ကဘွက်ရွာနှင့် ကုတ္တက်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည့် အင်အား (၂၀၀) ဝန်းကျင်ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့၏ နံနက်ပိုင်းက ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင့် ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်း (၂) ကြောင်းသည် ခင်ဦးမြို့နယ်အနောက်ခြမ်း ရွာသစ်ကုန်းပျူများ နှင့် ရေဦးမှ မေလ (၇) ရက်နေ့၏ ညကပင် အင်အား (၇၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ မေလ (၈) ရက်နေ့  နံနက်ပိုင်းတွင်  မြကန်ကျေးရွာမှတစ်ဆင့် အောင်သာရွာ၊ ကုန်းသာရွာဘက်သို့ လက်နက်ကြီး၊

လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်၏ အရှေ့ခြမ်း နှင့် အနောက်ခြမ်း၌ စစ်ရှောင်အားလုံး (၇၀၀၀) ဝန်းကျင် ရှိနေ‌ပြီဖြစ်ကာ အကူအညီများလိုအပ်နေကြောင်း  ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

မေလ (၆) ရက်နေ့ကလည်း မန္တလေးမှဆင်းလာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ၊ ကျည်တောက်ပေါက်ကျေးရွာ၊ ချောင်းသလဲကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ အင်းဇောက်ကြီးကျေးရွာများသို့ ဝင်ရောက်၍ ရွှေကျင်ကျေးရွာနှင့် အင်းဇောက်ကြီးကျေးရွာ (၂) ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် မေလ (၇) ရက်နေ့တွင် ဧရာဝတီမြစ်အရှေ့ဘက်မှ အနောက်ဘက်သို့မြစ်ကူး၍ ခင်ဦးနယ်ဘက်သို့ အင်အား (၂၀၀) ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခဲ့ပြီး ကဘွက်ရွာ၊ ကုတ်တက်ရွာတို့ကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်၍ နေအိမ်များအား မီးရှို့သွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ကာ ရဲဘော် (၁) ဦးကျဆုံးပြီး (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
©TNA
Hlaing Info

Telegram Channel

Daw Aung San Suu Kyi

“နိုင်ငံရေးဆိုတာ အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စပါ”

ဒီတိုင်းပြည် မတိုးတက်တာဟာ ညီညွတ်မှုမရှိလို့ဘဲ။ နိုင်ငံသူနိုင်ငံသားများဟာ ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရှေ့မထားလို့ မတိုးတက်ခဲ့ဘူးလို့ ကျမထင်ပါတယ်။

နောက်တစ်ခါထပ်ပြီးတော့ အာဏာရှင်စနစ် မဖြစ်စေချင်ဘူး။ ကျမတို့နိုင်ငံကို ဒီမိုကရေစီစနစ်အရ အားလုံးစိတ်ချမ်းသာရေးအတွက် ထူထောင်ချင်တယ်ဆိုလို့ရှိရင် နိုင်ငံသူနိုင်ငံသားဟာ ကိုယ့်မှာရှိတဲ့နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ဖို့ လိုပါတယ်။
နိုင်ငံရေးဆိုတာ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ၊ တည်မြဲခိုင်ခံ့ဖို့ဆိုတာ အားလုံးဝိုင်းပြီးတော့ ကြိုးစားဖို့ လိုပါတယ်။

(၁၉၈၉ ခုနှစ်၊ ဧပြီလ၊ ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြောကြားခဲ့သော မိန့်ခွန်းမှ)

ဒေါ်အောင်ဆန်းစုကြည်

Hlaing Info

a country Korea-Myanmar anti-dictatorship joint protest in Chongju

တောင်ကိုရီးယားနိုင်ငံ၊ ချောင်းဂျူမြို့တွင် ကိုရီးယား-မြန်မာ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

မေလ ၇ ရက် ၊ ၂၀၂၃

တောင်ကိုရီးယားနိုင်ငံ၊ ချောင်းဂျူမြို့တွင် ကိုရီးယားလူမျိုးများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ ယနေ့ မေလ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

©KTM
Hlaing Info

Telegram Channel