အင်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်၊in Uncategorized ထောင်ဒဏ်တသက်ချခံထားရတဲ့ အမျိုးသမီးသုံးဦး အင်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်၊ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၅ ဦးထိရှိလာဧပြီလ ၆ ရက်စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့မှာ CDMဆရာမအပါ အဝင် အမျိုးသမီးသုံးဦးကို ဧပြီလ ၃ရက်နေ့မှာ အင်းတော် စစ်ခုံရုံးက ပုဒ်မ၅၀ (ည) ၊၅၂(က)ဖြင့် အမှုဖွင့် အရေးယူကာ ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက် တယ်လို့ Indaw Revolution ကပြောပါတယ်။” မတ်လ ၅ ရက်နေ့မနက်ပိုင်း ပကဖ အဖွဲ့ဝင်နှစ်ယောက်ကိုစစ်ကောင်စီက ဖမ်းမိတာမှာ အလှူရှင်တွေရဲ့စာရင်းပါသွားတာ။ အဲ့ဒီစာရင်းအတိုင်းလိုက် ဖမ်းတာ နှစ်ဆယ်ကျော်တယ်။ အဲဒီနှစ်ဆယ်ထဲမှာ CDM ဆရာမနဲ့နှစ်ယောက် ရောပါသွားတာ” လို့ Indaw Revolution တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ပကဖ အဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီးတဲ့ မတ်လ ၅ ရက်နေ့ညနေပိုင်းမှာပဲ စစ်ကောင်စီ ကပြည်သူနှစ်ဆယ်ကျော်ကို PDF ကိုထောက်ပံ့တယ်ဆိုပြီး နေအိမ်တွေထိလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအများစုကို ခံဝန်ကတိနဲ့စစ်ကောင်စီကပြန်လွတ်ပေးခဲ့ပေမယ့် CDM ဆရာမနှင့် စျေးသည်အမျိုးသမီး နှစ်ဦး ကို ဆက်လက်ချုပ်နှောင်ထားပြီး ယခုလိုထောင် ဒဏ် တစ်သက်ချမှတ်ခဲ့တာဖြစ်ပါတယ်။” သူတို့သုံးယောက်က လှူတာများလို့နေမယ်။ ကျန်တဲ့လူတွေလွတ်ပေမယ့် သူတို့သုံးယောက်ကို ချလိုက်တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ထောင် ဒဏ် တသက်ချခံရသူတွေဟာ အသက်၄၀ ကျော်အရွယ် CDMဆရာမ ဒေါ် သိန်းလှ၊ ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနှင့် ဒေါ်အေးအေး တို့ဖြစ်တယ် “လို့သိ ရပါတယ်။အင်းတော်မြို့နယ်မှာ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်းစစ်ကောင်စီရဲ့ ထောင်ဒဏ် တသက်ချမှတ်ခံရသူငါးဦးထိရှိပြီဖြစ်ပါတယ်။ ပထဦးဆုံးကိုမင်းမင်းဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကချမှတ်ခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့မှာတော့ ကိုအေးမင်းထွန်းကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ ဧပြီ ၃ ရက်နေ့မှာ CDM ဆရာမ အပါအဝင် အမျိုးသမီး သုံးဦးကိုချမှတ်ခဲ့တာပါ။ထောင်ဒဏ်တသက်ချခံထားရတဲ့ အမျိုးသားနှစ်ဦး အမျိုးသမီးသုံးဦးအပါအဝင် ဖမ်းဆီးခံရသူ ပြည်သူတွေကို ကသာထောင်မှာ ချုပ်နှောင်ထားတယ်လို့ Indaw Revolution ကထုတ်ပြန်ပါတယ်။©KTMHlaingInfoFacebook Page / Telegram Channel http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png 0 0 Smart Lady http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png Smart Lady2023-04-06 11:00:012023-04-06 11:01:53အင်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်၊
နေ့စဉ် 11:11 AM အချိန်တိုင်း အမေစု၏ ဆိုဆုံးမစကားများin Uncategorized ဒေါ်အောင်ဆန်းစုကြည် ကျွန်မတို့ နိုင်ငံက ဆင်းရဲတယ်။ဆင်းရဲတဲ့ အခါကျတော့တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်မှဖြစ်မယ်။တစ်ယောက်ကိုတစ်ယောက် ကူမှဖြစ်မယ်။တစ်ယောက်ကိုတစ်ယောက် အကျိုးပြုချင်တဲ့စိတ်တွေကို မွေးမြူမှဖြစ်မယ်။တစ်ယောက်ထဲ ကောင်းရင်ပြီးရောငါချမ်းသာဖို့ဆိုတဲ့ စိတ်တွေရှိလို့ကတော့ကျွန်မတို့နိုင်ငံ တိုးတက်မှာမဟုတ်ပါဘူး …။” ဒေါ်အောင်ဆန်းစုကြည် နေ့စဉ် 11:11 AM အချိန်တိုင်းအမေစု၏ ဆိုဆုံးမစကားများကို https://www.facebook.com/hlainginfos?mibextid=ZbWKwL https://t.me/infohlaing HlaingInfo အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့် Hlaing Info http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png 0 0 Smart Lady http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png Smart Lady2023-04-06 06:37:552023-04-06 06:37:55နေ့စဉ် 11:11 AM အချိန်တိုင်း အမေစု၏ ဆိုဆုံးမစကားများ
စစ်အာဏာသိမ်း (၇၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၂ ဦးအထိရှိလာin Uncategorized ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၂၂ ရှိလာခဲ့ စစ်အာဏာသိမ်း (၇၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၂ ဦးအထိရှိလာဧပြီလ ၆ ရက်AAPP ရဲ့ ဧပြီ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၄)ရက်အတွင်း ပြည်သူ (၃၂၁၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၂၂ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၅) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ကိုးကား – AAPP©TLTHlaing InfoFacebook Page / Telegram Channel http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png 0 0 Smart Lady http://hlaing.net/wp-content/uploads/2023/03/Hlaing_Net.png Smart Lady2023-04-06 06:16:092023-04-06 06:23:44စစ်အာဏာသိမ်း (၇၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၂ ဦးအထိရှိလာ