“ပြည်သူသာ အမိ၊ အဖ ထမင်းကျွေးတဲ့
လက်ကို မကိုက်ရ”

ကြံခင်းမြို့နယ်တွင် “ပြည်သူသာ အမိ၊ အဖ ထမင်းကျွေးတဲ့
လက်ကို မကိုက်ရ”စာတန်းကိုင်စွဲ ဆန္ဒပြ

ကြံခင်းမြို့နယ်တွင် “ပြည်သူသာ အမိ၊ အဖ ထမင်းကျွေးတဲ့
လက်ကို မကိုက်ရ”စာတန်းကိုင်စွဲ ဆန္ဒပြ

ဧပြီလ ၂၀ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ
၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့ဝင်များမှ “ပြည်သူသာ အမိ၊အဖ ထမင်းကျွေးတဲ့လက်ကို မကိုက်ရ ” စာသား ပါ ဘန်နာ(ဗီနိုင်း)အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၅၇) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။

©Miz
HlaingInfo

Facebook Page / Telegram Channel

Channel 4 News

အင်္ဂလန်နိုင်ငံ၏ တီဗီချန်နယ် Channel 4 မြန်မာနိုင်ငံအတွင်းသို့ လျို့ဝှက် ဝင်ရောက်ပြီး လူငယ်တော်လှန်ရေးအဖွဲ့များ၏ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ရဲဝံ့စွန့်စားတိုက်ပွဲဝင်နေပုံများကို ရိုက်ကူး

အင်္ဂလန်နိုင်ငံ၏ တီဗီချန်နယ် Channel 4 မြန်မာနိုင်ငံအတွင်းသို့ လျို့ဝှက် ဝင်ရောက်ပြီး လူငယ်တော်လှန်ရေးအဖွဲ့များ၏ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ရဲဝံ့စွန့်စားတိုက်ပွဲဝင်နေပုံများကို ရိုက်ကူးတင်ပြထားသည်။

ဧပြီလ ၂၀ ရက်၂၀၂၃ ခုနှစ်

Channel 4 News gains rare access to the Gen Z rebels fighting the military dictatorship in Myanmar and hears how the young fighters are willing to kill and die for democracy.

Two years since the military junta seized power in Myanmar, a fierce guerilla war is intensifying as protesters, who pleaded for a return to democratic rule two years ago, have now picked up weapons to fight for their freedom.

Amid accusations of indiscriminate bombing campaigns, the regime doesn’t want the outside world to see what they’re doing in Myanmar but Channel 4 News travelled secretly into the country to speak to the young rebels.

credit – Burma/Myanmar News Update
▪️HlaingInfo

Facebook Page / Telegram Channel

ပြည်သူ ၁၀၀ ကျော်သေဆုံးသော ကန့်ဘလူ

ပြည်သူ ၁၀၀ ကျော်သေဆုံးသော ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မြန် မာ့ မြေပေါ်မှ အပြီးတိုင် ဖယ်ရှားမည်ဟု NUG ပြော

ပြည်သူ ၁၀၀ ကျော်သေဆုံးသော ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မြန် မာ့ မြေပေါ်မှ အပြီးတိုင် ဖယ်ရှားမည်ဟု NUG ပြော

ဧပြီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော်သေဆုံးသော ပဇီ ကြီး ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန် ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မြန် မာ့ မြေပေါ်မှ အပြီးတိုင် ဖယ် ရှားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၁ ရက်၊ ယနေ့ နံနက်ပိုင်းတွင် အာဏာ သိမ်း အကြမ်း ဖက် စစ် တပ်က လေကြောင်းတိုက်ခိုက် ခဲ့သည့်အတွက် ကလေးငယ်များ နှင့်ကိုယ် ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရကြောင်း၊
အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်း ကြေ ကွဲရ ကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစု များနှင့်တသား တည်း အတူတကွရှိနေပါကြောင်း အထူး ဖော်ပြကြောင်း NUG ကြေညာချက်တွင် ရေးသားထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခု ဖြစ်ရပ်က ထပ်မံသက်သေပြနေသလို စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်ကြောင်း၊ ဤအကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးသည် စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသား မျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်ကြောင်း NUG က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ် အေး ချမ်း မှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထိခိုက် ဆုံးရှုံးရသည့် လူထု ဘဝ များအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာ ရှင် စနစ် အမြစ် ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့် အကြောင်း အခိုင်အမာ ကတိ ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုသည်။

©️KTM
HlaingInfo


Facebook Page / Telegram Channel

“Together with Kim”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် #ကင်မ်အဲရစ်ဟာ “Together with Kim” ဆိုတဲ့ ကမ်ပိန်းလေးကနေ ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၅၅၀၀၀ ကို ရှာဖွေ ကူညီနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သူ့ရဲ့ ကိုယ်ပိုင်အနုပညာလက်ရာလေးကနေ ဒေါ်လာ ၁.၇ သန်း ရရှိခဲ့ပါတယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် #ကင်မ်အဲရစ်ဟာ “Together with Kim” ဆိုတဲ့ ကမ်ပိန်းလေးကနေ ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၅၅၀၀၀ ကို ရှာဖွေ ကူညီနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သူ့ရဲ့ ကိုယ်ပိုင်အနုပညာလက်ရာလေးကနေ ဒေါ်လာ ၁.၇ သန်း ရရှိခဲ့ပါတယ်။

©AungKyawSint
HlaingInfo


Facebook Page / Telegram Channel

Update News

Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်းမှ  ဗုံး ၂ လုံးကျဲချမှု​ကြောင့်  သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

Update News– ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

ဧပြီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။

” အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြုနိုင်ပါပြီ။ ဗုံးကျဲခံရတဲ့နေရာက ဆိုးဆိုး ရွား ရွား ဖြစ်သွားလို့ ဘယ်က ဘယ်လို စပြီး အလောင်းကောက် ရမှန်းမသိ တော့အောင်ပါပဲ” ဟု လက်ရှိ မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူ ပြည်သူတစ်ဦးက ဆိုသည်။

“ကလေးငယ်တွေ အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေ လည်းများတယ်။ နောက်ပြီး တချို့ အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်း သူမှန်းတောင် မသိရတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရ သည်။

©KTM
Hlaing Info


Facebook Page / Telegram Channel

Breaking News

ကန့်ဘလူ၊ ပဇီကြီးရွာတွင် အခမ်းအနားကျင်းပနေစဉ် စစ် တပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်

ကန့်ဘလူရှိ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၍ ကလေးငယ်နှင့် ဒေသခံပြည်သူ ၆၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရ

ဧပြီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု အများအပြားရှိနေကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာတွင် ပြည်သူ့အုပ် ချုပ်ရေး(ပအဖ)ရုံးဖွင့်ပွဲပြုလုပ်နေစဉ် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာဖြင့် စတင်ပစ်ခတ်ခဲ့ပြီး မုံရွာနမခမှ Mi 35 များနှင့်ပါ ရွာပတ်လည်ကို ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်သေ ဆုံးမှု များပြားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
“ဒေသခံတွေ အစုအလိုက်အပြုံလိုက်သေတာပါ။ လူတွေ ရာကျော်တယ် ထိကုန်တာ။ သေတာကတော့ ဆယ်ဂဏန်းရှိတယ်။ လောဆယ်သိထားရသလောက် ၆၀ ကျော်ပြီ”ဟု ကန့်ဘလူမြို့နယ်မှ တော်လှန်ရေးရဲ ဘော်တစ်ဦးမှ ပြောသည်။
စစ်ကောင်စီတပ်မှ အဆိုပါကျေးရွာပေါ်သို့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအ၀င် ပြည်သူ ၆၀ ကျော် သေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်မှလည်း ၀င်ရောက်ပစ်ခတ်တိုက်ခဲ့ ခြင်းကြောင့် အလောင်းများကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးထံက သိရသည်။
“မြေပြင်ကနေလည်း စစ်ကြောင်းထိုးပြီးရောက်လာတော့ ဒဏ်ရာရနေတဲ့သူတွေကိုတောင် ဆွဲမထုတ်နိုင်ခဲ့ပါဘူး”ဟု တော်လှန်ရေး ရဲဘော်က ဆိုသည်။
ယင်းသေဆုံးမှုထဲတွင် တော်လှန်ရေးရဲဘော်များနှင့် ဒေသခံပြည်သူများ ၊ ကလေးငယ်များ အပါအ၀င် ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

©AYAT
Hlaing Info


FaceBook Page / Telegram Channel

လျှပ်စစ်မီး မှန်မှန်မပေးနိုင်သည့် အလုံလျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်

အလုံလျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်၊ မီးများပြီး ကောင်းကင်ယံမှာ မီးခိုးလုံးတွေ တက်နေ

လျှပ်စစ်မီး မှန်မှန်မပေးနိုင်သည့် အလုံလျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်၊ မီးများပြီး ကောင်းကင်ယံမှာ မီးခိုးလုံးတွေ တက်နေ

ဧပြီလ ၈ ရက်

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အလုံလျှပ် စစ်ဓာတ် အား ပေးစက်ရုံတွင် ယနေ့ ညနေ ၆ နာရီ ၃၅ မိနစ်မှ စတင်၍ မီး လောင် ကျွမ်းလျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်။
” လောင်နေတာက နာရီဝက်လောက်ရှိတော့မယ်။ မီးလည်းကြီးတယ်။

ကောင်း ကင်မှာ မီးခိုးလုံးတွေချည်းပဲ။ မီးသတ်ကားတွေလည်းသွားနေကြတာပဲ။ မီးမမှန် မှန် မပေးနိုင်ဘဲ ဓာတ်အားပေးစက်ရုံက မီးထလောင်တော့ မီးပိုပြတ်မှာ ပေါ့။ မီးလောင်တဲ့နားမှာ CNG ဓာတ်ငွေ့ဆိုင်တွေကော၊ စက်သုံးဆီအရောင်း ဆိုင် တွေ ကောရှိနေတယ်။ ရပ်ကွက်က လူတွေတော့ အထုပ်တပြင်ပြင်ဖြစ် ကုန် ပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကမူ လက်ရှိ မီးလောင်ကျွမ်းမှုကို Level 3 အဆင့် သတ် မှတ်ထားပြီး ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ကားအများအပြား ထွက်ခွာ မီးငြိမ်းသတ်နေကြောင်း သိရှိရသည်။

KTM
HlaingInfo

Facebook Page / Telegram Channel

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတို့ တွေ့ဆုံ

ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မဲ့ ကဏ္ဍများအား အပြန်အလှန်ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတို့ တွေ့ဆုံ

ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မဲ့ ကဏ္ဍများအား အပြန်အလှန်ဆွေးနွေး

ဧပြီလ ၇ ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဧပြီ ၅ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေအပေါ် ကျူးလွန်လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မဲ့ ကဏ္ဍများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို CRPH ရဲ့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇေလတ်ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံ၊ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ ချမှတ်ထားတဲ့ မဟာဗျူဟာများနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ဝန်ကြီးဌာနရဲ့ ရှင်းလင်း ဆွေးနွေးချက်များအပေါ် ကော်မတီဝင်များက မေးခွန်း မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရှမ်းပြည်နယ် တောင်ပိုင်း နမ်းနိန်းကျေးရွာအတွင်းရှိ ရဟန်းနဲ့ အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှ အမျိုးသမီး (၃) ဦးအား မုဒိန်းကျင့် သတ်ဖြတ်မှု အပါအဝင် ပြည်သူ (၁၇) ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်မှု၊ ကချင်ပြည်နယ်၊ အနန့်ပါမှာ ပြည်သူများအား ဗုံးကြဲတိုက်ခိုက်မှု အစရှိတဲ့ အကြမ်းဖက်လုပ်ရပ်များအပြင် အခြားသော စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်တဲ့ အကြမ်းဖက်လုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့စပ်လျဥ်းပြီး အပြစ်ကျူးလွန်သူအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မဲ့ ကဏ္ဍများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် (၁)၊ အမြဲတမ်းအတွင်းဝန် (၂) နဲ့ ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

©PVTV
HlaingInfo

Facebook Page / Telegram Channel

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်

ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်
◼️ မူဝါဒ၊ လုပ်ငန်းလမ်းညွှန်ချက်တွေ ချမှတ်ကာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ထိန်းကျောင်း တည့်မတ်ရေး တာဝန်ကို ပြည့်ပြည့်ဝဝ တာဝန်ယူ ဆောင်ရွက်ပေးစေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

ဧပြီလ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)ကို ဧပြီ ၆ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကြားကာလကော်မတီအနေနဲ့ တော်လှန်ရေးကာလ အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို အချင်းချင်းကြားမှာ သင်ယူရင်း၊ လေ့လာရင်း၊ ပြုပြင်သင့်တာ ပြုပြင်ရင်း လုပ်ကိုင်ဆောင်ရွက်နေကြရခြင်း ဖြစ်ပါကြောင်း၊ တော်လှန်ရေးကာလအတွင်း ဆောင်ရွက်ရတဲ့ ကိစ္စရပ်အားလုံးမှာ အစိုးရအဖွဲ့ တာဝန်ရှိသူများအားလုံးအတွက် ပုံစံအသစ်တွေ ဖြစ်‌သောကြောင့် မှီငြမ်းကိုးကား လုပ်ဆောင်စရာတွေ မရှိဘဲ လုပ်ရင်းကိုင်ရင်း အမှားတွေ/စနစ်မကျမှုတွေ တွေ့လာတဲ့ အခါ ပြင်ဆင် တည့်မတ် ထိန်းကျောင်းရင်း ဆောင်ရွက်လာကြတာမှာ ယခုဆိုရင် ခရီးလည်း အတော်အတန် ရောက်သင့်သလောက် ရောက်နေပြီဖြစ်ပါ‌ကြောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်မှု ကဏ္ဍမှာ မူဝါဒ၊ လုပ်ငန်းလမ်းညွှန်ချက်တွေ ချမှတ်ကာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ထိန်းကျောင်း တည့်မတ်ရေး တာဝန်ကို ပြည့်ပြည့်ဝဝ တာဝန်ယူ ဆောင်ရွက်ပေးစေလိုပါ‌ကြောင်း၊ ရုံးပိုင်းဆိုင်ရာကိစ္စတွေ၊ မြေပြင်နဲ့ ထိထိစပ်စပ် လုပ်ကိုင်ရမယ့် ကိစ္စများကို ဌာနအလိုက် ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်များနဲ့ တွဲဖက်လုပ်ဆောင်ပြီး အင်ပြည့်အားပြည့် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှာ လုပ်ဆောင်မှုတွေ အလွန်များသဖြင့်ဝန်ကြီးဌာန အလိုက် လူ့စွမ်းအား အရင်းအမြစ်တွေလည်း ပိုမိုလိုအပ်မှာ ဖြစ်တဲ့အတွက် ဌာနအလိုက် အားစိုက်ရန် မှာကြားလိုကြောင်း၊ ကော်မတီရဲ့ အပတ်စဉ် တိုင်းများအလိုက် တွေ့ဆုံတဲ့ အစည်းအဝေးမှာ တက်ရောက်လာကြသူများအနေနဲ့ ဖြစ်ပေါ်၊ တွေ့ကြုံလာရတဲ့ အခက်အခဲ၊ စိန်ခေါ်မှု၊ ပွတ်တိုက်မှုကို တင်ပြလာတာကိုသိရလို့ ဝန်ကြီးဌာနတာဝန်ရှိသူတွေအနေနဲ့ သတင်းအချက်အလက် မျှဝေမှုအတွက် မည်သည့် ပုံစံစီမံပြီး လက်တွေ့ဆောင်ရွက်နေသူများရဲ့ အခက်အခဲကို ဖြေရှင်းပေးကြ မလဲဆိုတာကို စဉ်းစားရန် လိုပါကြောင်း၊ ကော်မတီအနေနဲ့ အစည်းအဝေး တက်ရောက်မှုမှစပြီး မူဝါဒတွေ ချမှတ်ကာ လုပ်ငန်းအကောင်အထည်ဖော်မှု အစအဆုံး လုပ်ငန်းစဉ်အားလုံးကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ရန် လိုအပ်ပါက ပြုပြင်ကြရန်နှင့် တာဝန်ပေးအပ်မှု အပိုင်းမှာ လျော့ရဲနေမှုရှိပါကလည်း တိတိကျကျ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်‌ရေးဆောင်ရွက်ပေးကြရန်အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ပါတယ်။
အဲဒီနောက် တက်‌ရောက်လာကြတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၁၃/၂၀၂၃)တွင်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနဲ့ ပတ်သက်ပြီး ပြီးစီးမှု အခြေအနေများနဲ့ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေး ခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


©PVTV
HlaingInfo

Facebook Page / Telegram Channel

မန္တလေးက အညာသားကြီးအထည်ဆိုင်မိသားစု ဖမ်းခံရပြီး အိမ်ကိုပါ စစ်ကောင်စီချိတ်ပိတ်

အညာသားကြီးအထည်ဆိုင်နဲ့အိမ်ကို စစ်ကောင်စီချိတ်ပိတ်

မန္တလေးက အညာသားကြီးအထည်ဆိုင်မိသားစု ဖမ်းခံရပြီး အိမ်ကိုပါ စစ်ကောင်စီချိတ်ပိတ်

ဧပြီလ ၆ ရက်

မန္တလေးမြို့မှာ လူသိများတဲ့ အညာသားကြီး အထည်ဆိုင်ပိုင်ရှင် မိသားစု ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီး နေအိမ်ကိုလည်းချိတ်ပိတ်လိုက်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မိသားစု ၃ ဦးကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ဖမ်းဆီးတာဖြစ်ပြီး အောင်မြေသာဇံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်က နေအိမ်ကို မနေ့ ဧပြီလ ၅ ရက် လာရောက်ချိတ်ပိတ်သွားတာပါ။

ဖမ်းခံရသူ ၃ ဦးဟာ အညာသားကြီးအထည်ဆိုင်ပိုင်ရှင် လင်မယားနဲ့သမီးတို့ဖြစ်တယ်လို့ သိရပါတယ်။

အထည်ဆိုင်ပိုင်ရှင် ကိုကောင်းကျော်ဇံ ၊ ဇနီး မမာလာဝေ နဲ့ သမီး မမိုးသီတာထွန်း တို့ကိုဖမ်းဆီးထားတယ်လို့ လည်း စစ်ကောင်စီလော်ဘီ ဖေ့ဘွတ်ခ်တွေမှာဖော်ပြကြတာတွေ့ရပါတယ်။

PDF ကို ငွေကြေးထောက်ပံ့တဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတာလို့လည်း စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေက သတင်းဖြန့်ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာပဲ မန္တလေးမှာ NUG ချိတ်ဆက်ပြီး အွန်လိုင်းကနေ စာသင်လို့ဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာရှိပါတယ်။

©PS
HlaingInfo

Facebook Page / Telegram Channel