Archive for year: 2023
Recommend
in UncategorizedNUG အစိုးရကို ဝေဖန်နေကြသူများကိုလည်း သတိလေး တချက်တော့ ပေးအုံးမှ
ဝေဖန်ပါ၊ ထောက်ပြပါ
ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ဝေဖန်စေလိုတယ်။
NUG အစိုးရကို ဝေဖန်မယ်လို့ တွေးတဲ့အခါ မဝေဖန်ခင် အရင်ဆုံး ပြန်စဉ်းစားရမှာက ငါကိုယ်တိုင် ဘယ်နေရာမှာ ဘာတွေလုပ်ပေးနေသလဲပေါ့။
ငါသာ NUG နေရာမှာဆိုရင်ကော ဆိုတဲ့ စိတ်လေး ထားစေချင်တယ်။
ဒီလိုဝေဖန်တာတွေနဲ့ ပတ်သတ်ပြီးတော့ လွန်ခဲ့သော ငါးနှစ်လောက်က မပန်ဆယ်လို ရဲ့ အဖြေတခုကို အမှတ်ရသွားတယ် အဲ့အဖြေကြောင့်ပဲ ပန်ဆယ်လို ဆိုတာကို ကျွန်မ စသိခဲ့တယ်။
* တစ်နှစ်သားအစိုးရကို တစ်နှစ်သားနဲ့ တန်တဲ့ဝေဖန်မှုမျိုးကိုတော့ ကျွန်မပြုလုပ်ပါတယ်။
ဝေဖန်တယ် ဝေဖန်စရာရှိတဲ့ ကိစ္စကို ဝေဖန်တယ်။
ဒါပေမယ့် တနှစ်သားအစိုးရကို နှစ် ၆၀ လောက်အစိုးရနဲ့တော့ ယှဉ်ပြီးတော့ မဝေဖန်ဘူးပေါ့နော်… *
ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေကြားနေရတာတွေနဲ့ ပတ်သတ်ပြီး ကျွန်မ အမှတ်ရသွားလို့ပါ။
Hlaing Info Admin
Hlaing Info
Education
in Uncategorizedအကြမ်းဖက်စစ်အုပ်စုက ၇လတာကာလအတွင်း ဆရာ၊ဆရာမနဲ့ဝန်ထမ်း ၄၈ဦးကို မတရားဖမ်းဆီးထားတယ်လို့ AAPPထုတ်ပြန်
ဩဂုတ်လ ၃ ရက်
အကြမ်းဖက်စစ်အုပ်စုက ၇လတာကာလအတွင်း ဆရာ၊ဆရာမနဲ့ဝန်ထမ်း ၄၈ဦးကို မတရားဖမ်းဆီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက် အလက်တွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနှစ်လတာကာလအတွင်း နိုင်ငံတဝန်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမတွေ အပါအဝင် ဝန်ထမ်း အမျိုးသား (၁၄) ဦးနဲ့ အမျိုးသမီး (၃၄) ဦး စုစုပေါင်း (၄၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တာပါ။
အဲဒီ (၄၈) ဦးအနက် မန္တလေးတိုင်းမှာ (၁၉) ဦးနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားတဲ့ Bright Future Federal School ပညာသင်ကြားနေတဲ့ ကျောင်းသူနှစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးကျော်မင်းဌေး၊ စာသင်ကြားပေးတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းဆရာ ဦးဝေယံမင်းထိုက်နဲ့ ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းတို့ကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ AAPPက အသိပေးဖော်ပြထားပါတယ်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ ရန်ကုန်တိုင်းက ဆရာ၊ဆရာမများ ပုံဟောင်း။
PVTV
Daw Aung San Suu Kyi
in Uncategorizedငါတို့ သားသမီးတွေသာ အကယ်၍ သူတို့သာ နိုင်ငံမှာ အင်မတန်မှ ဩဇာရှိတဲ့ရာထူးတွေ ရခဲ့လို့ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်တယ်ဆိုတာ စဥ်းစားပါ အဲ့လိုစဥ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ…
သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ကိုယ့်ရဲ့မိသားစုအကျိုးအတွက်ပဲ ကြည့်ပြီးတော့ ပြုစုပျိုးထောင်တာကို မလုပ်ပါနဲ့ အဲ့လို လုပ်လို့ရှိရင် ကျမတို့ မလိုချင်တဲ့ အစိုးရမျိုး ပြန်ထပ်ပေါ်လာလိမ့်မယ်…
အစိုးရဆိုတာလည်း ပြည်သူလူထုကပဲ ပေါက်ဖွားလာတာပဲ
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။
Hlaing Info