အင်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်၊

ထောင်ဒဏ်တသက်ချခံထားရတဲ့ အမျိုးသမီးသုံးဦး

အင်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်၊ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၅ ဦးထိရှိလာ
ဧပြီလ ၆ ရက်
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့မှာ CDMဆရာမအပါ အဝင် အမျိုးသမီးသုံးဦးကို ဧပြီလ ၃ရက်နေ့မှာ အင်းတော် စစ်ခုံရုံးက ပုဒ်မ၅၀ (ည) ၊၅၂(က)ဖြင့် အမှုဖွင့် အရေးယူကာ ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက် တယ်လို့ Indaw Revolution ကပြောပါတယ်။
” မတ်လ ၅ ရက်နေ့မနက်ပိုင်း ပကဖ အဖွဲ့ဝင်နှစ်ယောက်ကိုစစ်ကောင်စီက ဖမ်းမိတာမှာ အလှူရှင်တွေရဲ့စာရင်းပါသွားတာ။ အဲ့ဒီစာရင်းအတိုင်းလိုက် ဖမ်းတာ နှစ်ဆယ်ကျော်တယ်။ အဲဒီနှစ်ဆယ်ထဲမှာ CDM ဆရာမနဲ့နှစ်ယောက် ရောပါသွားတာ” လို့ Indaw Revolution တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပကဖ အဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီးတဲ့ မတ်လ ၅ ရက်နေ့ညနေပိုင်းမှာပဲ စစ်ကောင်စီ ကပြည်သူနှစ်ဆယ်ကျော်ကို PDF ကိုထောက်ပံ့တယ်ဆိုပြီး နေအိမ်တွေထိလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအများစုကို ခံဝန်ကတိနဲ့စစ်ကောင်စီကပြန်လွတ်ပေးခဲ့ပေမယ့် CDM ဆရာမနှင့် စျေးသည်အမျိုးသမီး နှစ်ဦး ကို ဆက်လက်ချုပ်နှောင်ထားပြီး ယခုလိုထောင် ဒဏ် တစ်သက်ချမှတ်ခဲ့တာဖြစ်ပါတယ်။
” သူတို့သုံးယောက်က လှူတာများလို့နေမယ်။ ကျန်တဲ့လူတွေလွတ်ပေမယ့် သူတို့သုံးယောက်ကို ချလိုက်တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ထောင် ဒဏ် တသက်ချခံရသူတွေဟာ အသက်၄၀ ကျော်အရွယ် CDMဆရာမ ဒေါ် သိန်းလှ၊ ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနှင့် ဒေါ်အေးအေး တို့ဖြစ်တယ် “လို့သိ ရပါတယ်။
အင်းတော်မြို့နယ်မှာ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်းစစ်ကောင်စီရဲ့ ထောင်ဒဏ် တသက်ချမှတ်ခံရသူငါးဦးထိရှိပြီဖြစ်ပါတယ်။ ပထဦးဆုံးကိုမင်းမင်းဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကချမှတ်ခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့မှာတော့ ကိုအေးမင်းထွန်းကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ ဧပြီ ၃ ရက်နေ့မှာ CDM ဆရာမ အပါအဝင် အမျိုးသမီး သုံးဦးကိုချမှတ်ခဲ့တာပါ။
ထောင်ဒဏ်တသက်ချခံထားရတဲ့ အမျိုးသားနှစ်ဦး အမျိုးသမီးသုံးဦးအပါအဝင် ဖမ်းဆီးခံရသူ ပြည်သူတွေကို ကသာထောင်မှာ ချုပ်နှောင်ထားတယ်လို့ Indaw Revolution ကထုတ်ပြန်ပါတယ်။

©KTM
HlaingInfo

Facebook Page / Telegram Channel
0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *