ကွီလုံတိုင်စခန်းကို ရိက္ခာလာပေးသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကြောင်း တိုက်ခံရပြီး ဒုတပ်ရင်းမှူး အပါအဝင် အများအပြားသေကာ လက်နက် (၄)လက်ရ
မတ်လ ၂၄ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ ကွီလုံတိုင်စခန်းသို ရိက္ခာပိုရန်နှင့် လူနာသယ်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNLA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ကြိမ်၊ မတ်လ (၂၁)ရက်နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် (၁၀)ဦးဝန်းကျင်သေပြီး M-A1 (၃)လက်၊ MA2 (စက်ကလေး) တစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ S.O.F က ယနေ့ မတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနီးရှိကျေးရွာများသို့ထိမှန်ကာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်၏ ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား (၈၀)ခန့်စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲ/နွားများသိမ်းဆည်းခြင်း၊ ရိက္ခာနှင့်ငွေကြေးများဝင်ရောက် သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
©TNA
Hlaing Info
Leave a Reply
Want to join the discussion?Feel free to contribute!